Repair

Dr. Nuttanicha Khiawnarong


Repair By Sealyn Clinic
Sealyn Clinic မှ မိန်းကလေးင်္အဂါနှင့်မွေးလမ်းကြောင်းခွဲစိတ်ပြုပြင်ခြင်းသည် မဲ့ဆောက်မြို့တွင်ပထမဆုံးနှင့်တစ်နေရာထဲသာရှိသောကုသမှုဖြစ်ပါတယ်မိန်းကလေးင်္အဂါလှပမှုတွက် အတွင်းအပြင်ပါဂရုတစိုက် ကုသပါသည်။ Reconstructive and Regenerative Gynecology school of Cosmetic and Functional Gynecology by ISAGSS (Master surgical and non-surgical aesthethic genital procedures) ကျောင်းနှင့် သားဖွားမီးယပ် အထူးကုဆရာဝန်ဖြင့်ကုသပေးပါသည်။ စက်ပစ္စည်းလည်း ထိုင်းနိုင်ငံနှင့် ကိုးရီယားနိုင်ငံ FDA ရထားပြီး ခွဲစိတ်ခန်းလည်းဆေးရုံနှင့်တန်းတူစံချိန်ပြည့်မီပါသည်။
မိန်းမကိုယ်တင်းရင်းစေခြင်း မိန်းမကိုယ်ပြန်လည်းပြုပြင်ခြင်းနှင် တင်းရင်းစေတဲ့ စက်က မိန်းမကိုအတွင်းပိုင်းကျန်းမာစေယုံမကဘူး အိမ်ထောင်ရေးပါသာယာစေသည်။ ချောဆီပမာဏလည်းများလာသလိုဆီမထိန်းနိုင်သည့်ပြသနာလည်းဖြေရှင်းပေးပါသည်။မိန်းမကိုယ်တင်းရင်းပြီး ပန်းနုရောင်အသားရေပါပြောင်းလဲစေပါသည်။
รีแพร์กระชับช่องคลอด
Sealyn Clinic မှ မိန်းကလေးင်္အဂါနှင့်မွေးလမ်းကြောင်းခွဲစိတ်ပြုပြင်ခြင်းသည် မဲ့ဆောက်မြို့တွင်ပထမဆုံးနှင့်တစ်နေရာထဲသာရှိသောကုသမှုဖြစ်ပါတယ်မိန်းကလေးင်္အဂါလှပမှုတွက် အတွင်းအပြင်ပါဂရုတစိုက် ကုသပါသည်။ Reconstructive and Regenerative Gynecology school of Cosmetic and Functional Gynecology by ISAGSS (Master surgical and non-surgical aesthethic genital procedures) ကျောင်းနှင့် သားဖွားမီးယပ် အထူးကုဆရာဝန်ဖြင့်ကုသပေးပါသည်။ စက်ပစ္စည်းလည်း ထိုင်းနိုင်ငံနှင့် ကိုးရီယားနိုင်ငံ FDA ရထားပြီး ခွဲစိတ်ခန်းလည်းဆေးရုံနှင့်တန်းတူစံချိန်ပြည့်မီပါသည်။
မိန်းမကိုယ်တင်းရင်းစေခြင်း မိန်းမကိုယ်ပြန်လည်းပြုပြင်ခြင်းနှင် တင်းရင်းစေတဲ့ စက်က မိန်းမကိုအတွင်းပိုင်းကျန်းမာစေယုံမကဘူး အိမ်ထောင်ရေးပါသာယာစေသည်။ ချောဆီပမာဏလည်းများလာသလိုဆီမထိန်းနိုင်သည့်ပြသနာလည်းဖြေရှင်းပေးပါသည်။မိန်းမကိုယ်တင်းရင်းပြီး ပန်းနုရောင်အသားရေပါပြောင်းလဲစေပါသည်။
မိန်းမကိုယ်တွဲကျခြင်းနှင့် မိန်းမကိုယ်ကျယ်ရခြင်းအကြောင်းရင်း สาเหตุการย่อนคล้อย
- ကလေးရိုးရိုးမွေးခြင်း
- လိင်ဆက်ဆံမှုများခြင်း
- အသက်ကြီးလာခြင်း
- အလေးပင်မခြင်း။

Repair ပြုလုပ်ခြင်းကဘာလဲ
Repair ပြုလုပ်ခြင်းက မိန်းမကိုယ်နောက်တစ်ကြိမ်ပြန်လည်းတင်းရင်းစေတယ်။ခွဲစိတ်မှုပြုလုပ်တာပဲဖြစ်ဖြစ် လေဆာပြုပြင်လုပ်တာပဲဖြစ်ဖြစ် နှစ်မျိုးနှစ်စာပြုလုပ်ခြင်းသည် မိန်းမကိုယ်ကျဉ်းစေပြီး ပိုမိုတင်းရင်းလာစေပါသည်။

Repair ပြုလုပ်ခြင်းကဘယ်သူနဲ့ပိုပြီးသင့်တော်လဲ

Repair ပြုလုပ်သင့်ပြီးလား အောက်ပါအချက်များနှင့်ပြန်စစ်ဆေးနိုင်ပါသည်
– မိန်းမကိုယ်ကျယ်ပြီးမတင်းရင်းခြင်း
– လိင်ဆက်ဆံတဲ့ချိန်မိန်းမကိုယ်ကနေ လေထွက်လာခြင်း
– ကလေးရိုးရိုးမွေးခြင်း
– ဆီမထိန်းနိုင်သည့်ပြသနာဖြစ်ခြင်း
– ကိုယ်အလေးချိန်များလာပြီး တင်ပါးဆုံလျော့တွဲခြင်း ။
အပျိုကဲ့သို့မွေးလမ်းကြောင်းတင်းရင်းစေသည့်နည်းလမ်း
ခွဲစိတ်ခြင်း ( Vaginoplasty / Perineoplasty )
- မွေးလမ်းကြောင်းတင်းရင်းစေရန်မိန်းမကိုယ်ထဲကတစ်ရှူးကို ခွဲစိတ်ခြင်းက
- မွေးလမ်းကြောင်းတင်းရင်းစေယုံမက မိန်းမကိုယ်ပါကျဉ်းစေသည်။
- မွေးလမ်းကြောင်းပေါ်မူတည်၍ ကြွက်သားနှင့်တစ်ရှူးကို ခွဲစိတ်ပြုပြင်ပေးပြီး
- မွေးလမ်းကြောင်းဝအသားများကို အလှပြုပြင်ပေးပါသည်။
Repair မခွဲစိတ်ခင် ပြင်ဆင်ရမည့်အချက်များ
- ရာသီမလာခင် 1-2 ပတ်အလိုမှာခွဲစိတ်ရမည် (သို့) ရာသီလာပြီးမှ ခွဲစိတ်ပြုပြင်ရန်
- တစ်ကိုယ်ရေသန့်ရှင်းပြီး မိန်းမအင်္ဂါရှိအမွေးများပြုလုပ်ပေးရန်
- သွေးလည်ပတ်အားကောင်းစေသည့်ဆေးဝါးများမသုံးစွဲရန် (သုံးစွဲထားပါ ဆရာဝန်ကိုကြိုပြီးအကြောင်းကြားရန်)
- အသွင်းခံအပိုတစ်ထည်ယူလာပေးရန်
ခွဲစိတ်မှုအဆင့်များ
- ထုံဆေး (သို့) အိပ်ဆေးအပျော့စားအသုံးပြုပါ
- မွေးလမ်းကြောင်းကအသားများဖွင့်ပြီး လိုအပ်သလောက် မွေးလမ်းကြောင်းကနေညှပ်ထုတ်ပြီး အနာကိုပြန်ချုပ်ပေးပါသည်။အပ်ချုပ်နည်းလည်းချုပ်ရိုးပျောက်နည်းဖြင့်ကုသပေးတာမို့ အနာလုံးဝလှပစေပါသည်။
Repair မလုပ်သင့်သောသူများ
- ဆီချိုဖြစ်တဲ့သူများဆီချိုဖြစ်တဲ့သူကအနာပျောက်နှေးပြီးပိုးဝင်မှုရာခိုင်နှုန်းပိုများပါသည်။
- ခရီးခနခနသွားရတဲ့သူများ ခရီးသွားချိန်အနာပြဲစေနိုင်ပါသည်။
မိန်းမကိုယ်ခွဲစိတ်ပြုပြင်ပြီး လိုက်နာရမည့်အချက်များ
- ခွဲစိတ်ပြီး 1-3 ရက်အတွင်း သင်ပုံမှန်လုပ်ဆောင်သည့် လှုပ်ရှားမှုများကို ရှောင်ပေးပါခန္ဓာကိုယ်ကို တတ်နိုင်သမျှ ဖြည်းဖြည်းချင်း ရွှေ့ပြီး နည်းနည်း လမ်းလျှောက်ပါ။
- ပြင်းထန်သောအလုပ်ကို 2-3 ပတ်ထိ ရှောင်ပေးပါ။လေ့ကျင့်ခန်းကို ၁ လ ရပ်နားပေးပါ။
- ဒဏ်ရာလုံးဝပျောက်ကင်းစေရန်အတွက် အနည်းဆုံး 45 ရက် လိင်ဆက်ဆံခြင်းမှ ရှောင်ပေးပါ။သင့်ခန္ဓာကိုယ်ကို ပြန်လည်ပြုပြင်နိုင်စေဖို့ အိပ်ရေးဝဝအိပ်ပေးပါ။
- အစားအစာများကို စိတ်ကြိုက် စားနိုင်ပါတယ်။ ဝမ်းမှန်စေဖို့အတွက် အမျှင်ဓာတ်ပါ၀င်တဲ့ အစားအစာတွေကို ဂရုစိုက်ပြီးစားသုံးပေးပါ။ခန္ဓာကိုယ်ရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ ရေကို လုံလောက်အောင် သောက်သုံးပါ။
- အရက်နှင့် အချဉ်ဖောက်ထားသော အစားအစာများကို ရှောင်ပေးပါ။ခွဲစိတ်ပြီး အနည်းဆုံး 15 ရက် ဆေးလိပ်ဖြတ်ပေးပါ။
- ခွဲစိတ်ပြီး 1-3 ရက်အကြာတွင် ဒဏ်ရာမှ စိမ့်ထွက်နိုင်သော သွေးများကို စုပ်ယူရန် သန့်စင်ကော်ပိတ်ကို ဝတ်ဆင်ပါ။ဆီး (သို့) မစင်ကို ထိန်းမထားပါနဲ့။ အမျှင်ဓာတ်ကြွယ်ဝသော အစားအစာများစားခြင်း သို့မဟုတ် ဝမ်းနုတ်ဆေးကိုမှီဝဲနိုင်ပါသည်။
- ခွဲစိတ်ပြီး1-3 ရက်အတွင်း နာကျင်မှုခံစားရပြီး ဝမ်းသွားချင်သလို လက္ခဏာများကို သတိပြုသင့်သည်။ ဆရာဝန်ညွှန်ကြားသည့်အတိုင်းပိုးသတ်ဆေးသောက်သင့်ပါသည်။ရေချိုးပြီး ခွဲစိတ်ဒဏ်ရာကို ဆီးစပ်နေရာကို သန့်စင်ပေးပါ။ဒဏ်ရာတစ်ဝိုက်တွင် အစိုဓာတ်ကို ရှောင်ကြဉ်ပါ။ ခွဲစိတ်ထားသော ဒဏ်ရာကို ခြောက်သွေ့စေခြင်းဖြင့် အနာမြန်မြန်သက်သာစေပါတယ်။
လေဆာဖြင့် Repair ပြုလုပ်ခြင်း
လေဆာဖြင့် repair ပြုလုပ်ခြင်းသည် မွေးလမ်းကြောင်းကတွဲကျနေတဲ့ ကြွက်သားနှင့်တစ်ရှူးများကို တင်းရင်းစေပါသည်။စက်ခေါင်းကို မွေးလမ်းကြောင်းထဲထည့်ပြီး ရေဒီယိုလိုင်းကဲ့သို အသားတင်းစေဖို့ကူညီပေးပါသည်။စက်ခေါင်းဝင်သွားသည့်ချိန် နွေးနွေးလေးဖြစ်ပြီး လုံးဝမနာကြင်ပါ ၊ကုသချိန်လည်းမကြာပါ။


စက်ပစ္စည်းပုံ
လေဆာဖြင့်မွေးလမ်းကြောင်းတင်းရင်းခြင်းသည်နောက်ပိုင်းပိုပိုပြီးခေတ်စားလာပါသည်။လေဆာသည်တစ်ရှူးကကော်လကျင်ပိုတိုးစေပြီးခွဲစိတ်ပြုပြင်စရာမလိုတဲ့အပြင်အခြားကောင်းကျိုးများလည်းရှိပါသည်။
- မွေလမ်းကြောင်းတင်းရင်းစေပြီး ဒဏ်ရာမရှိတဲ့အပြင် ကိုယ့်ကိုယ်ဂရုစိုက်မှုလည်းအရမ်းလွယ်ကူပါသည်။ကုသချိန်လည်းမကြာပါ။
- ဆီမထိန်းနိုင်သည့်ပြသနာကိုလည်းအကောင်းဆုံးဖြေရှင်းပေးနိုင်ပါသည်။
- ရာသီလာချိန်ဗိုက်နာခြင်းကိုလည်းလျော့ချပေးပါသည်။လေဆာက မွေးလမ်းကြောင်းကသွေးလမ်းကြောင်းလည်ပတ်အားကောင်းစေသည်။
- မိန်းမကိုယ်တင်းရင်းပြီး ချော်ဆီပိုများစေသည်။ မိန်းမကိုယ်ခြောက်သွေ့သည့်သူများအတွက်အကောင်းဆုံးပါ။
- လေဆာက မွေးလမ်းကြောင်းရှိကော်လကျင်များကို ပြန်လည်းကျန်းမာစေပြီးမိန်းမကိုယ်ကျဉ်းလာစေသည်။
- ခွဲစိတ်မှုကြောက်တတ်သူနှင့် မိန်းမကိုယ်သိပ်မကျယ်တဲ့သူအတွက်အသင့်တော်ဆုံးပါ။
ဒါပေမဲ့ ဆရာဝန်ညွန်ကြားတဲ့အတိုင်း ကုသရပါမည်
လေဆာ၏ခေါင်းကအရွယ်အစား2မျိုးရှိပြီးဆရာဝန်ကကိုယ်ရဲ့အရွယ်အစားအပေါ်မူတည်ပြီးရွေးချယ်ပေးပါသည်။
လေဆာခေါင်းက ၂ ဆိုဒ်ရှိပါတယ် သင့်မိန်းမကိုယ် ပြသနာပေါ်မူတည်ပြီး ရွေးပေးပါသည်

Mini Repair မလုပ်ခင်ကြိုတင်ပြင်ဆင်ရမည့်အချက်များ
- အမွှေးရိတ်လာပေးရန် ဆရာဝန်က အပြင်ပ်ိုင်းပါ ပစ်ပေးတာမို့အမွှေးရှင်းဖို့လိုအပ်ပါသည်
- ရာသီလာတဲ့ချိန် မပြုလုပ်သင့်ပါ သို့ ရာသီလာပြီး ၃ရက်အကြာမှ ပြုလုပ်ရန်
- ပြုလုပ်ပြီးနောက် ပုံမှန် လိင်ဆံဆက်နိုင်ပါသည်
SeaLyn Clinic မှ ဘာလို့ Mini repair လုပ်သင့်လဲ
KFDAရဲ့အာမခံချက်နှင့်ကိုးရီးယားFDAရရှိပြီးသားပါသားဖွားမီယပ်အထူးကုဆရာဝန်ကပြုလုပ်ပေးပါသည်

Mini Repair နှင့် အခြားနည်းလမ်းဖြင့်သအိမ်တင်းကျဉ်းစေသည့် နှိုင်းယှဉ်မှု
